စမတ်ဖုန်းအသစ်တစ်လုံး လက်ဝယ်ပိုင်ဆိုင်ဖို့အတွက် အရစ်ကျ အစီအစဉ်တွေဟာ တဖြေးဖြေး စတင်နေရာယူလာပြီ ဖြစ်ပါတယ်။ အခုဆိုရင် Huawei က သုံးစွဲသူများအတွက် မြန်မာနိုင်ငံအတွင်း စိတ်ချမ်းမြှေ့ဖွယ်ဝယ်ယူနိုင်ရန် လုပ်ဆောင်ပေးနေပါပြီ။

ကမ္ဘာ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) နည်းလမ်းများပံ့ပိုးသူ နည်းပညာဘုရင် Huawei က နောက်ဆုံးပေါ် Huawei P9 နဲ့ Mate 8 တို့ကို ၀ယ်ယူနိုင်ဖို့အတွက် အရစ်ကျအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပါပြီ။ ဒီအစီအစဉ်မှာ ၀ယ်ယူသူတွေအတွက် ကုန်ပစ္စည်းရဲ့ ကုန်ကျစရိတ်ကို (၆)လ ခွဲကာပေးသွင်းနိုင်ပြီး Huawei ရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေကို ၀ယ်ယူနိုင်ဖို့အတွက် အခွင့်အလမ်းတွေကို လုပ်ဆောင်ပေးနေပါတယ်။ Huawei P9 ကို ၅၅၉,၀၀၀ ကျပ်၊ Huawei Mate8 ကို ၅၉၉,၀၀၀ ကျပ်တို့နဲ့ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

KBZ ဘဏ်နဲ့ ပူးပေါင်းကာ အရစ်ကျအစီအစဉ်များကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အရစ်ကျစနစ်နဲ့ ၀ယ်ယူတဲ့ သုံးစွဲသူများအနေနဲ့ အတိုးပေးရန်မလိုသလို စုထားတဲ့ ငွေပမာဏအတွက် ဘဏ်တိုးပါ ရရှိဦးမှာဖြစ်ပါတယ်။ Huawei စမတ်ဖုန်းကို အရစ်ကျစနစ်နဲ့ဝယ်ယူရန် အောက်ပါအချက်အလက်များ လိုအပ်ပါတယ်။
  • သုံးစွဲသူမှ KBZ ဘဏ်မှာ စာရင်းရှင်အပ်ငွေ (Current Account) သို့ ငွေစုဘဏ်အပ်ငွေ (Saving Account) တို့ရှိရမှာဖြစ်ပြီး ဖုန်းတန်ဖိုးနဲ့ ညီမျှတဲ့ ငွေပမာဏကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။
  • ၀ယ်ယူသူမှ ဖုန်းတန်ဖိုးကို (၆)လအညီအမျှခွဲပြီး လစဉ်အရစ်ကျ ပေးသွင်းရမှာဖြစ်ပါတယ်။
  • ၀ယ်ယူသူမှ ဘဏ်ကပေးတဲ့ ဖောင်မှာ လိပ်စာအပြည့်အစုံ၊ ၀ယ်ယူလိုတဲ့ ဖုန်းမော်ဒယ်လ်နဲ့ အရောင်တို့ကို ပြည့်စုံစွာဖြည့်ပေးရမှာဖြစ်ပါတယ်။
  • ဘဏ်မှ ၀ယ်ယူသူကို ပထမအရစ်ကျအတွက် ငွေပေးသွင်းရမယ့်နေရာနဲ့ ဖုန်းသွားယူနိုင်မယ့် နေရာတို့ကို ဆက်သွယ်မှာဖြစ်ပါတယ်။
  • သုံးစွဲသူများအနေနဲ့ မိမိလိုချင်တဲ့မော်ဒယ်လ်၊ အရောင်ရှိမရှိတို့ကို ဖော်ပြပါဖုန်းနံပါတ် ၀၉-၂၅၂၅၆၆၆၀၀၊ ၀၉-၂၅၂၅၆၆၆၀၁၊ ၀၉-၂၅၂၅၆၆၆၀၂ တို့ကို ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။
  • အရစ်ကျပေးသွင်းငွေကို ပေးသွင်းရန်နောက်ကျခဲ့ပါက ဘဏ်ရှိအပ်ငွေထဲက အလိုအလျောက် နှုတ်ယူ သွားမှာဖြစ်ပါတယ်။
Huawei နဲ့ KBZ ဘဏ်တို့မှ Huawei စမတ်ဖုန်းများကို ၀ယ်ယူရာမှာ အခက်အခဲမရှိ အရစ်ကျစနစ်နဲ့ အလွယ်တကူ ၀ယ်ယူနိုင်ဖို့ နည်းလမ်းသစ်တွေကို ဖန်တီးပေးနေပြီဖြစ်ပါတယ်။ Huawei Technologies (Ygn) Co., Ltd မှ တာဝန်ရှိသူတစ်ဦးက “Huawei ရဲ့ အရစ်ကျအစီအစဉ်က ၀ယ်ယူသူတွေအနေနဲ့ မိမိတို့နဲ့အဆင်ပြေမယ့် ၀ယ်ယူရေးအစီအစဉ်တွေကို ရွေးချယ်နိုင်မှာဖြစ်သလို Huawei ရဲ့ အဆင့်မြင့် စမတ်ဖုန်းတွေကို အလွယ်တကူ ပိုင်ဆိုင်စေပြီး စမတ်ကျလှတဲ့လူနေမှုဘ၀ကို အလွယ်တကူရရှိစေမှာ ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “Huawei က မကြာသေးခင်က ထွက်ရှိထားတဲ့ P9 အတွက် Diamond ၀န်ဆောင်မှုကို ပေးအပ်ခဲ့ပြီး Mate8၊ GR5၊ G7Plus စတဲ့ စမတ်ဖုန်းတွေအတွက်လည်း VIP ၀န်ဆောင်မှုကို ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေဟာ Huawei ရဲ့ နောက်ဆုံးပေါ် ပြုပြင်မွမ်းမံမှု၊ ၀န်ဆောင်မှုတွေကို သဘောကျလိမ့်မယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်” လို့ ထည့်သွင်း ပြောကြားသွားပါတယ်။

ဝယ်ယူလိုသူတွေအနေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ မကွေး၊ မြစ်ကြီးနား၊ ပုသိမ် အစရှိတဲ့မြို့တွေရဲ့ နီးစပ်ရာ ကမ္ဘောဇဘဏ်တွေမှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။Huawei အရစ်ကျအစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက – Huawei Hotline ၀၁-၉၀၀၀၉၀၀ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။